Friday, January 29, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

3 comments:

  1. ဇီးကွက်တကောင်..က လာဘ်ကောင်တဲ့လား ထိုင်းမှာတော့ ငှက်ဆိုးနော်

    ReplyDelete
  2. ရန်ကုန်တွေ ရန်ကုန်တွေ ခင်ဗျားလက်ထဲမှာမှ လှလှပပ ကဗျာလေးတွေ ဖြစ်သွားပေါ့။

    ReplyDelete
  3. ညထွက်တဲ့ လာဘ်ကောင်
    ပတ်တရောင်နဲ့ တွေ့ရင်
    ပေါ်တာဆွဲခံရမယ်ဟေ့..။
    ရွှေရှာတာမဟုတ်ဘူး
    ငွေရှာတာမဟုတ်ဘူး
    ရေရှာတာပါ ကိုကိုရယ်
    H2O ဆိုတာဒါလား
    တစ်မနက် အသက် ပိုရှည်သွားပြီ။

    ReplyDelete