မျက်လုံးကိုစုံမှိတ်
အလုပ်မပေးနိုင်တဲ့နေရာကို အတင်းဖိတ်နေကြတဲ့သူတွေ၊
လူသားအရင်းအမြစ်တွေရှားသွားလို့ 
သက်မဲ့အရင်းအမြစ်တွေနဲ့ ကြံဖန်ဂုဏ်ယူနေကြတဲ့သူတွေ၊
တံလျှပ်ကို ရေအမှတ်နဲ့ ကျေနပ်နေကြတဲ့သူတွေ၊
ကျပ်တီးမြေမှာမှ ရွှေအရှာကောင်းသူတွေ က အစ…
မီးလောင်ပြင်မှာစွန့် စား၊ မီးသတ်ဖို့ ကြိုးစားနေကြသူတွေ၊
အမှောင်ထဲမှာနေလို့  ဆီမီးတွေ ဝေနေကြသူတွေ အဆုံး…
ဘယ်သူတွေ ငါ့ကို ဘယ်လိုပဲ ပညတ်ပညတ်…
မပြင်ဆင်ပဲနဲ့ ကြိုးဝိုင်းထဲ ဝင်လာခဲ့ရသူတွေ၊
မြှားမပါပဲနဲ့  စစ်ထွက်လာခဲ့ရသူတွေ၊
ကံကို မယုံရဲပေမယ့် ဆူးပုံနင်းနေရတဲ့သူတွေ၊
ကမ္ဘာရွာထဲ ပြောင်းနေဖို့ အရေး
ထောင်ဖောက်ပြေးသလို စွန့် စားနေကြရသူတွေ၊
မွန်းကြပ်သေဆုံးသွားခဲ့ရတဲ့ ကားစီးဒုက္ခသည်တွေ၊
လှေစီး ဒုက္ခသည်တွေ၊ ငွေစီးဒုက္ခသည်တွေ၊
ဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင် ဆောင်နေကြသူတွေ၊
အနည်ကျခွင့်ရသွားတဲ့ ဒုက္ခသည်တယောက်ကို
ပေါက်ထားတဲ့ ထီလက်မှတ်တစောင်လို သဘောထားနေကြသူတွေ၊
လက်ထပ်ခြင်းကို ဖောင်တခုလို အသုံးချ လှောင်အိမ်ထဲက ထွက်နေကြရသူတွေ၊
ကျောင်းဆရာ ယူနီဖောင်းကို ချွတ်ပြီး ပန်းရန်ဝတ်စုံကို ဝတ်ဖို့ လာနေကြရသူတွေ
အဲလို ထွက်ပြေးလာရသူတွေ ရှိနေမှတော့
ငါ့ကို ဘယ်သူတွေ ဘယ်လိုပဲ ပညတ်ပညတ်
ချစ်တဝက် မုန်းတဝက် အရပ်ကို
ငရဲလို့ ပဲ နာမည် တပ်လိုက်တယ်။
ကောင်းကင်ကို
ရတု @ 2011
12 years ago
အရင်ဆုံးကွန်မင့်ရေးခွင့်ရလို့  ဂုဏ်ယူရမှာပေါ့။ ဘာလို့ ဟုတ်တာတွေကြီးဘဲ ရေးနေရတာလဲ မဟုတ်တချို့ တွေက စိတ်ညစ်မှာပေါ့
ReplyDeleteပစ္စ န္တရစ်လို့ သတ်မှတ်ရင်လည်း မမှားပါဘူး။
ReplyDeleteဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင်ဆောင်နေကြသူတွေ....တဲ့။
ReplyDeleteနံရံလေးဖက် အမှောင်ခန်းကို
ယောင်ရမ်းလို့ လှည့်မကြည့်
တတိယနိုင်ငံကို ခြေဦးလှည့်ကြသူတွေ...။
အသံကောင်းနဲ့ လက်သီးလက်မောင်းပြ
တိုင်းပြည်လွတ်လပ်ခွင့်အတွက်
အားကိုးအားထား ပြုကြရမဲ့သူတွေ...ဆိုတာလေးကိုပါ အစားထိုး ဖတ်ကြည့်လိုက်ရင်.....
ငရဲ....က ဘယ်လိုဖြစ်သွားမလဲ...အကိုကောင်းရေ...
ဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင်ဆောင်သူတွေ....
ReplyDeleteအသူရကါယ် ငရဲဖြစ်မယ်ထင်တယ် ကိုကောင်းကင်ကိုရေ။ အယောင်ဆောင်တွေများနေလို့......
ReplyDeleteဘာလို့ ဒီလောက် တော်ရတာလဲ..:)
ReplyDeleteအဲ့လိုတွေ သိပ်မရေးပါနဲ့ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တွေပေါက်ပေါက်လာလို့...
ReplyDeleteမေ့ထားတာတွေ လာလာအစဖော်တယ်... :)
ငရဲကဗျာ၊ အသည်းနာစရာတွေနဲ.။
ReplyDeleteအကဲပါပြီး ကော်မန်.ရေးတာမဟုတ်ပါဘူး။ အမြဲလာလာဖတ်ရတာ၊ တကယ်ကောင်းလွန်းလို.ပါရှင်။
မိုက်တယ်ဗျာ
ReplyDeleteအကိုရဲ့ ကဗျာလေးထဲက နောက်ဆုံး အပိုဒ်လေးကို မှတ်သားသွားပါတယ်။
ReplyDeleteခင်မင်လေးစားလျှက်
ကျွန်တော်လဲ ငရဲကျမှန်း ပြန်ရိပ်မိနေပြီဗျာ။
ReplyDelete