Monday, June 22, 2009

ညှို့ မျက်စောင်း

အာရုံထဲမှာ…
ခိုးဝင်လာတဲ့ မျက်နှာလေးက
မျက်စောင်းတွေ
အချက်တသောင်းခြွေချ။

sweetတွေလောင်းပြီးထည့်
အကြည့်တွေစောင်းပြီးဖွဲ့ တဲ့
ကိုယ့်အတွက်မျက်စောင်းကဗျာ မှာ
လျှို့ ဝှက်အနက်ပေါင်းတရာ ထည့်ထားသလား။
ညှို့ အားတကြောင်းစီမှာ
ဗို့ အားတသောင်းစီ ရှိနေတယ်။

မကျက်တကျက် မျက်နှာလေးပေါ်မှာ
ကြည်ဖြူတဲ့ အရိပ်များတွေ့ တိုင်း
ဒီလူရဲ့ စိတ်အားပြည့်
နွေလိုပူတဲ့ အတိတ်များမေ့ သွားခဲ့တယ်။

လောကဓံအဆိပ် ဖြေဆေးတွေကို
မျက်စောင်းလေးနဲ့ ဖော်စပ် ပေးပါ ကောင်မလေးရေ။
ဒီကမ္ဘာမှာ ကိုယ်ရင်အခုန်ဆုံး အလုပ်က
မျက်စောင်းလေးတွေထဲမှာ သူထည့်ပေးတတ်တဲ့
သူ့ စိတ်ကာလာအမှန်ကို
အနုစိတ်ဘာသာပြန်ခြင်း ။
ကောင်းကင်ကို

10 comments:

  1. ကဗျာတိုင်းကိုစောင့်မျှော်ဖတ်ရှူနေပါတယ်ရှင်...

    ReplyDelete
  2. သူ့မျက်စောင်းမှာ အရည်ပျော်ပြီ...း)
    ဘာသာပြန်ဆရာလေးရေ
    ကဗျာလေးက လှပါတယ်...း)

    ReplyDelete
  3. ကဗျာလေးက အရမ်းဖတ်လို့ကောင်းပါတယ် ကေကျု။ ကဗျာလေးအတွက်လည်း ကျေးဇူးပါပဲ။ O_o (l.a.y)

    ReplyDelete
  4. ညှို့ အားတကြောင်းစီမှာ
    ဗို့ အားတသောင်းစီ ရှိနေတယ်။

    အနားမကပ်ရဲဘူး အစ်ကိုရေ...။

    ဒီကမ္ဘာမှာ ကိုယ်ရင်အခုန်ဆုံး အလုပ်က
    မျက်စောင်းလေးတွေထဲမှာ သူထည့်ပေးတတ်တဲ့
    သူ့ စိတ်ကာလာအမှန်ကို
    အနုစိတ်ဘာသာပြန်ခြင်း ။

    ဘာသာပြန်ပါ အစ်ကို ..ပြီးရင် ပြန်ပြောပြ...။

    အချစ်ကဗျာလေးတွေက စိတ်ထဲနူးနူးညံ့ညံ့လေးနေမှ ရေးဖြစ်တာဆိုတော့ အခု မျက်စောင်းလေးအောက်မှာ နူးညံ့နေပုံရတယ်။

    ReplyDelete
  5. နွေလိုပူတဲ့ အတိတ်များ မေ့သွားတယ်တဲ့လား။
    တန်ဖိုး တကယ်ရှိတဲ့ ချစ်စရာ မျက်စောင်းလေးပဲ။

    ReplyDelete
  6. "ညှို့ အားတကြောင်းစီမှာ
    ဗို့ အားတသောင်းစီ ရှိနေတယ်။"

    ဘာမြူဒါ ဘာမြူဒါ...းဝ)

    ReplyDelete
  7. ဘာသာပြန် ဖို့ အဘိဓာန် သုံးချင်သုံးနော်
    တလွှဲတော့ မပြန်လိုက်နဲ့ 

    ReplyDelete
  8. ညှို့အားကောင်းတဲ့ မျက်စောင်း
    ဗို့အားတသောင်းစီရှိကြောင်း
    ကြေငြာမောင်းခတ်ထားတယ်...
    ယောင်လို့တောင် အနားမကပ်နဲ့
    ဓါတ်လိုက်တတ်တယ်...။

    ReplyDelete
  9. ဟိုက်ရှာလဘတ် နုဖတ် နေပါလားဗျ ။ ကဗျာလေး လှချက်ကတော့ လွန်တယ် ကိုကောင်း ။

    ReplyDelete
  10. ဟာ ဟ.... ကြိုက်တယ်... ကောင်းလိုက်တာ..

    ReplyDelete