Monday, June 15, 2009

ဒုက္ခရဲ့ လက်နှစ်ဘက်

သွားဖြစ်သွားတဲ့ လမ်းခရီးမှာ
အားဖြစ်သွားတဲ့ ယမ်းမီးနဲ့ 
တားမြစ်ထားတဲ့ ပန်းသီးရယ်
မှားဖြစ်သွားတဲ့ အခန်းကြီးရယ်။

ဒီလိုနဲ့ 
အထီးကျန်ငှက်တကောင်ဟာ
မေတ္တာကို အလေးအနက်ခံစား
အချစ်ကမ္ဘာကို ပြေးထွက်ပျံသွားခဲ့တယ်။

စိတ်လှုပ်ရှားမှုက တွန်းချလိုက်တဲ့
အညှိုးတသောင်းနဲ့ နွံထဲမှာတော့
အဆိုးအကောင်းတို့ ဒွန်တွဲ
ငါလည်း... အချိုးပြောင်းလို့ လွန်ဆွဲခဲ့တယ်။

ရုန်းကန်မှုဆိုတာ
ဘုန်းကံတခုပေါ့။
ဒုက္ခဟာ
သူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
ကောင်းကင်ကို

4 comments:

  1. ဟေး ပထမ မန့်မယ်.. ပျံထွက်တော့မသွားပါနဲ့

    ReplyDelete
  2. ကောင်းလှောင်တေးနဲ့ ဟိုက်ရှာလပတ်ရည်နဲ့ပေါင်းပြီး
    ကောင်းပါတယ် :D

    ReplyDelete
  3. ခုတော့ အထိုးအနှက်ချည်း ခံနေရတာပါ။

    ReplyDelete
  4. ကောင်းကင်ကိုရဲ့ ကဗျာလေးလာခံစားတယ်
    ဘလောဂ့်တနှစ်ပြည့် ကိုလည်းဖိတ်ခေါ်ပါတယ်
    ခင်မင်လျက်

    ReplyDelete