Friday, May 22, 2009

နောက်ဆုံးပိတ် အရသာ

အစကတော့ ငါဟာ….

အချစ်ဆိုတဲ့ဈာန်နဲ့ ပျံနေတဲ့ ရထား

အာရုံထဲက ကောင်းကင်ပေါ်မှာ ဟန်တွေနဲ့ ကြွား

အချစ်ကိုကိုးကွယ်ခြင်းဟာ တဒင်္ဂတော့ မှန်နေတဲ့အမှား။


မျှော်နေတဲ့ဘူတာကို ဆိုက်ခါနီးမှ ကံတွေလှည့်စား

ငါ့ကျမှ ကွက်ကျားပြီးတော့ ကံခေခဲ့သလား

သူ့ စိတ်ကိုငါ နားမလည်မှုမှာ သူ့ မာန်တွေပဲ့သွား

သူ့ နှုတ်ခမ်းပြောင်းဝက ပေါက်ကွဲထွက်လာတယ် ရန်မပြေတဲ့စကား

အခုတော့ ကိုယ့်ချစ်သူဟာ မာန်နေတဲ့ကျား။


ဇာတ်သိမ်းတော့ ငါ့ကို အမုန်းလူးထားတဲ့ မြှားတွေနဲ့ မှန်

နှလုံးသားတခုလုံး စုတ်ပြတ်သတ် အသားတွေပဲ့ကျန်

အံသြတုန်လှုပ် မျှော်လင့်ချက်မဲ့ သွားစေတဲ့အသံ

ညည အိပ်မက်ဆိုးထဲထိအောင် ကြားနေခဲ့ပြန်။


အောက်မေ့မှုက စိတ်ငြိမ်းချမ်းမှုကို တားနေခဲ့ပြန်

ပျော်ရွှင်မှုဆိုတာ ငါ့ညတွေမှာ ရှားနေတဲ့ရမ်(မ်)

ချိုစေချင်လို့ အချစ်ထည့်လိုက်မှ ဆားတွေနဲ့ ငန်

ုနောက်ဆုံးတော့ ငါ့လက်ထဲမှာ ခါးနေတဲ့ကြံ။


ကောင်းကင်ကို

16 comments:

  1. ကာရံတွေနဲ့  လှနေတဲ့ အရသာ...

    ReplyDelete
  2. ခါးနေတဲ့ကြံ ရှိသေးလားဗျို့

    ReplyDelete
  3. သနားလိုက်ပါပေ့
    တရားလိုက်ရှာလို့တွေ့ရင်
    အချစ်ဆိုတာ..ကိုကောင်းကင်အတွက်
    မှားလိုက်တာဟေ့လို့...နောင်တရလိမ့်မယ်.........။

    ReplyDelete
  4. ဟစ်ဟော့ သီချင်းကျနေတာပဲ .. :D

    ReplyDelete
  5. အစ်ကိုရေ.. သိပ်ကြိုက်တဲ့ နောက်တစ်ပုဒ်တိုးသွားပြန်ပြီ..ကဗျာလေးတွေ ပို့ပေးတဲ့အတွက် လှိုက်လှိုက်လဲလဲ ကျေးဇူး

    ReplyDelete
  6. ဟာ အစဉ်မပြေဘူးပေါ့။
    ဒါမျိုးမကြားချင်ပါဘူး။
    ပြေပြေလည်လည် ဆွေးနွေးကြပါ။
    ယုံကြည်မူ့ တွေ ပြန်တည်ဆောက်ကြလေ။
    ကြာတော့ကြာတတ်တာပေါ့

    ReplyDelete
  7. အဲဒီ့ကြံအခါးတွေကိုဘဲ ကျွန်တော်တို့ နှစ်သက်စွာ သောက်သုံးနေကြပေါ့ ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  8. အရမ်းကောင်းနေတော့ ဘာပြောရမှန်တောင်သိတော့ဘူး (မပြောတတ်လို့ ဟီး...)

    ReplyDelete
  9. ကာရံလေးတွေ ကို သဘောကျတယ်

    ReplyDelete
  10. ကိုလူထွေးအတွက်တော့ "ကာရန်ချိုမြ သွေးစစွန်း" နေတုန်းမို့ ...

    ReplyDelete
  11. အငှားခံစားမှုဖြစ်ပါစေလို့  ဆုတောင်းပေးပါတယ်… ကဗျာတွေ ဆက်တိုက်ချိုနေလို့  ၀မ်းသာပေးနေတာ… တခါတခါ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့… နားလည်မှုက နှစ်ဦးတဘ၀အတွက် အသက်နော်… နားလည်မှုတွေ အမြန်ဆုံးရပါစေလို့ ….

    ReplyDelete
  12. ကဗျာကာရန် အရမ်းကောင်းတယ် အစ်ကို :)

    ReplyDelete
  13. ကိုကောင်းကင်ရေ.. ကျနော်ကဗျာမရေးတတ်ပေမဲ့ ဖတ်တတ်သူပါဗျာ...လက်ဖျားခါလောက်အောင်ကောင်းတဲ့ကဗျာ
    အားလုံးအတွက်..ကျေးဇူးတင်ပါတယ်။

    ReplyDelete
  14. ကဗျာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် အကို... တစ်ကယ်ပါ.. ကဗျာရေးနေတာပဲ ဖြစ်ပါစေ အကိုရယ်..

    ReplyDelete
  15. ကာရန်တွေနဲ့လှနေတဲ့ကဗျာလေးကိုအရမ်းကြိုက်ပါတယ် ကဗျာပို့ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်
    ခင်မင်စွာဖြင့်
    နှင်းဆီနက်

    ReplyDelete
  16. အကို ကောင်းကင်ကို ရေ.........ကြိုက်လွန်းလို. gtalk မှာတောင် တင်တာ မိသွားသေးတယ်လေ.....

    ReplyDelete