အရောင်ခုနစ်ရောင် အချိုးကျစု
ဖြူဆွတ်သွားတဲ့အထိ
စက္ကန့် လက်တံလေး မရပ်မနားသွား
ဆယ်စုနှစ်တွေကြားမှာ မောသွားတဲ့အထိ
အချိန်စားသတ္တ၀ါရဲ့ ဝမ်းဗိုက်ထဲမှာ
ပြက္ခဒိန်အဟောင်းတွေ များများလာတဲ့အထိ
အသားတွေ တွန့် ကြတဲ့အထိ
သြော်…အမှားတွေကို စွန့် ကြတဲ့အထိ
ကိုယ့်ကိုယ်ကိုတွေ့ကြလို့ 
ကိုယ့်ကိုယ်ကိုမေ့ကြတဲ့အထိ
ရွှေလမ်းနဲ့ ခြေလှမ်းတွေ
ဟိုး… မိုးကုပ်စက်ဝိုင်းမှာ
သွားဆုံကြတဲ့အထိ
ကောင်းကင်ကို
ငှဲငှဲငှဲ သိနေတယ် တစ်ကယ်လားဟင် နောက်မှ ဒုတ်တွေဒါးတွေမြင်ချင်ဘူးနော် ကိုကင်း
ReplyDeleteနောင်လာမဲ့ နှစ်ပေါင်း၅၀
ReplyDeleteခေါင်းထက်ကဆံပင် ဖွေးဖွေး လှုပ်ကာ သငယ်ပြန်တယ်ဆိုလည်းဆို
မင်းဆံပင်ဖြူဖြူပေါ် စံပယ်ကုံးလေး ပန်ပေးမယ်
သားတို့ နားမလည် မြေးတို့ နားမလည်
အဖိုးကြီးငါ့ကို အဖွားကြီးမင်းက မောင်တွေ ဘာတွေ ခေါ်ပါအုန်း
ကောင်းကင်ကို စောင့်ကြည့်မယ်နော်
တကယ်ကို မရတော့ဘူး ။ :P
ReplyDeleteလှလိုက်တဲ့ အိပ်မက်အကြိုလေး ။ ကြိုက်တယ်ဗျာ ။
ဟိုးးး ထား
ReplyDeleteစကားတွေလွန်မယ် အမှားတွေကျွံမယ်
သတိ :P
မိုးကုပ်စက်ဝိုင်းမှာ ဆုံနိုင်ပါစေ ကောင်းကင်ရေ
ReplyDeleteနုလှလွန်းတဲ့ ကဗျာလေးရေ...
ReplyDeleteမပန်ဒိုရာ နဲ့ ကိုလင်းဒီပတို့  အဖြစ်မှန်ဘဝထဲ ဆွဲခေါ်တာ လိုက်မသွားနဲ့  နော်...:)
အမပန်ပြောတာလေးကို သဘောကျပါတယ်...။
ReplyDeleteအကိုရေ ..သူများတွေပြောနေကြပြီနော်...
တကယ်က So far so bad ပါ :|
ReplyDeleteသစ္စာတိုင် ကဗျာလေးလို့ ခံစားမိပါတယ်။
ReplyDeleteဒီလို ကဗျာချိုချိုလေးတွေ မဖတ်ရတာ အတော်ကြာပြီနော်… ကဗျာဆရာတို့  Moodတွေလဲ ချိုနေတယ်ထင်တယ်… သူများတွေနောက်လို့  ကိုယ်လဲ သီချင်းတပုဒ်သွားသတိရမိတယ်… စာသားတွေက မှားရင်မှားနေလိမ့်မယ်… (မရခင်ဖျာလိုလိပ်ကာ… ထိပ်ပေါ်မှာတင်မတဲ့… မောင်မင်းကြီးသားယောင်္ကျားတွေမှာကွယ်… ခုတော့ ဖျာလို နင်းချေကာသွား ထားရာနေစေရာသွား သူပြုသမျှနုရပေတော့တယ်… ယောင်္ကျးတွေရယ် စကားတွေပိုကာ တတ်နိုင်လွန်းလှတယ်)… နောက်တာနော်… တော်ကြာMoodချိုချိုလေးတွေ ပျက်သွားဦးမယ်… ဒီကော်မန့် ကို ကောင်မလေးကို သွားမပြနဲ့ …
ReplyDelete