ဒီလမ်းဟာ
ငွေနဲ့ မဝေးပေမယ့်
အမေနဲ့ တော့ ဝေးတယ်။
ဒီလမ်းဟာ
ဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်
ကိုယ့်လိပ်ပြာနဲ့တော့ ကိုယ်ပြန်ဝေးတယ်။
ဟိုဘက်ကမ်းမှာ ဘဝ
ဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။
ဒီလမ်းဟာ
ဖြောင့်တန်းပေမယ့်
အရိပ်မရှိတော့ ပိုဝေးတယ်။
ဒီဘက်ခြမ်းမှာ
အသိုက်တခုကိုရွေး
စက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။
သြော်…ဒီလိုနဲ့ 
ကမ္ဘာဆိုတဲ့ မြစ်ထဲမှာ
မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကို
အဝေးကပဲ ချစ်လိုက်ရတယ်။
ကောင်းကင်ကို
အမေနဲ့ ငွေနဲ့ ရော နီးနိုင်ပါစေဗျာ ။ :)
ReplyDelete“ဟိုဘက်ကမ်းမှာ ဘဝ
ReplyDeleteဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။”
တကယ်ကို ခေါင်းမကျ ပန်းမကျပါပဲလေ…။
အင်း...... ဘာမှ ပျောတော့ဘူးနော်
ReplyDeleteတူတူဘဲ
နောက်ဆုံးအပိုဒ်လေးကို ဖတ်ရင်း ခံစားသွားရတယ်။ အဖြစ်အပျက်တွေက အဲဒီစကားလုံးတွေနဲ့ တူတူဖြစ်နေတယ်လေ။
ReplyDelete