Friday, March 27, 2009

တချို့ လမ်း

ဒြပ်မဲ့ ဆံကေသာမှာ
လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့ 
‘ကတ္တီပါလက်’ထိပ် ‘ဖန်’ရှသလို
တီကောင် ကြက်အဆိတ် ခံရသလို
အလူးအလဲ
ငရဲ။

ကောင်းကင်ကို

5 comments:

  1. ဒီကဗျာကိုလည်း ကြိုက်သဗျာ။ ကောင်းကင်ကို ကဗျာလေးတွေကို လိုက်လိုက်ဖျက်တဲ့ ကဗျာဖျက်ပိုးဘ၀ ရောက်သွားမှာ စိုးလို့ ကဗျာနဲ့ ကွန်မင့်မလုပ်တော့ပဲ မှတ်ချက်သက်သက်အဖြစ် ချန်ထားရစ်ခဲ့ပါတယ်။း-)

    ReplyDelete
  2. ထိမိလှတဲ့ ကဗျာလေးပါလားဗျာ..။

    ReplyDelete
  3. တစ်ချို့တွေက
    ခဏတာလေးကိုပဲ အကြာကြီးထင်ကြတယ်အစ်ကိုရေ ...

    ReplyDelete
  4. ကဗျာကောင်း၏။သိပ်အရှည်ကြီးဖတ်စရာမလိုပဲတွေးရတာပိုကောင်း၏။(-း

    ReplyDelete
  5. အရေးအသားတွေ အားကြီးကြိုက်တယ်ဗျာ ၊၊

    ReplyDelete