ခေါင်းဆောင်ဆိုတာ
ကိုယ့်ဘဝကို အစာလို တပ်ပြီး
ငါးတွေ ကောင်းစားဖို့ အတွက်
ငါးတွေကိုပဲ ပြန်မျှားရမယ့်သူ။
ခေါင်းဆောင်ဆိုတာ
ငါးကြင်းထု အကျိုးအတွက်
ငါးကြင်းဆီနဲ့ ပဲ
ငါးကြင်းသားကို ကြော်ပေးရမယ့်သူ။
ခေါင်းဆောင်ဆိုတာ
ပြာဖုံးနေတဲ့ မီးခဲတွေကို ကောက်စား
အိပ်မက်တွေ အကောင်ထွားအောင်
မြှောက်စားသင့်သူကို လည်းမြှောက်စားရမယ်
ကိုယ့်ကိုကျော်တက်သွားမှာ မကြောက်တဲ့သူ။
ခေါင်းဆောင်ဆိုတာ
မက်လုံးတွေကို ယူချင်အောင်အစထုတ်
အခက်ဆုံးတွေကို လူမမြင်အောင် ခဏအုပ်ပြီး
ဆေးခါးကို သကြားအုပ်တဲ့ အတတ်နဲ့ 
ပရိယာယ်တွေလည်း တတ်ရမယ်။
ခေါင်းဆောင်တစ်ယောက်ဟာ
လူတစ်ယောက်ကို မျိုးစေ့တစ်စေ့လို့ မြင်ရမယ်။
ပုရွက်ဆိတ်အုံလိုပုံစံမျိုးနဲ့ဥယျာဉ်တစ်ခုကိုဆောက်ပါ။
ခေါင်းဆောင်ဟာ
မျက်လုံးတစ်ထောင်
နားတစ်ထောင်နဲ့ 
အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။
အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။
ခေါင်းဆောင်တစ်ယောက်ရဲ့  ခေါင်းထဲကိုခွဲကြည့်
ကိုယ်ဝန်ဆောင်သစ်ပင်တွေကို
မီးဖွားပေးနေတဲ့ ဆေးရုံတစ်ရုံ တွေ့ လိမ့်မယ်။
ကောင်းကင်ကို
ခေါင်းဆောင်ဆိုတာ .. ပြောဖို့မလိုအောင်ကောင်းပြီးသားပဲ မောင်လေးရေ .. ပြီးပြည့်စုံသွားအောင် စာလုံးပေါင်းလေးပဲ နည်းနည်းစစ်လိုက်ပါ .. :)
ReplyDeleteကောင်းလှချည်လား ကိုယ်ဝန်ဆောင်သစ်ပင် ဆိုတဲ့ နမိတ်ပုံကိုတော့ ခိုက်တယ်ကွာ
ReplyDeleteကောင်းတယ်အကို Leader နဲ့ Commander ကိုခွဲပြီးရေးချင်တာ ကိုယ့်မှာအဲ့လောက်ရေးနိုင်တဲ့ အားမှရှိသေးလို့....။
ReplyDeleteကိုကောင်း အခုတော့ Leader အကြောင်းရေးလိုက်ပြီ Commanderဆိုးတွေအကြောင်းကတော့ အားလုံးရေးနေကြတာပါပဲ...။
ပြီးပြည့်စုံပါတယ်အကို....။
အဆင်ပြေပါစေ
အို!!!... ကောင်းလိုက်တာလို့ပဲ ပြောပါရစေ....
ReplyDelete"ခေါင်းဆောင်ဟာ
ReplyDeleteမျက်လုံးတစ်ထောင်
နားတစ်ထောင်နဲ့ 
အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။"
ဒီစာသားလေးကိုအကြိုက်ဆုံးပဲ...အကိုရာ
အရမ်းကောင်းတယ် ဒါပဲပြောခဲ့တော့မယ်..
ReplyDeleteအမှတ်ပေး စည်းမျဉ်းတွေကို နာယူသွားတယ် အစ်ကိုရေ.. အများကြီး ရသွားတယ်ဗျာ..
ReplyDeletethe best
ReplyDeleteအကို့ကဗျာတွေကတော့ ကောင်းတယ်လို့ ပြောစရာကို မလိုတော့ပါဘူး.. ကဗျာထဲက အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီမယ့် ခေါင်းဆောင်မျိုးကတော့ တစ်ခေတ်မှာ တစ်ယောက်ပဲ ရှိနိုင်မယ်ထင်ပါရဲ့.. ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ နောက်လိုက်ဖြစ်ခွင့်ရတာလဲ ကံကောင်းခြင်းတစ်မျိုးပဲနော်။
ReplyDeletelink ယူသွားတယ်ဗျို့ ....
ReplyDeleteကျွန်တော်အလွတ်ကျက်ထားရမယ့် ကဗျာတပုဒ်ပါ။တကယ်ကိုကောင်းပါတယ်။
ReplyDelete