နှစ်ပေါင်း နှစ်ဆယ်
ပျံသန်းချိန် နာရီပေါင်း တစ်သိန်း ခုနစ်သောင်းကျော်နဲ့ 
အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်
သုညတွေကို ပွေ့ ပိုက် ကျေနပ်ခဲ့ကြတယ်။
အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။
သွေးတွေ တစ်ကွက်ပြီး တစ်ကွက်ပေ
ပွန်းတွေ တစ်ကောင်ပြီး တစ်ကောင်သေ
ပိုးစုန်းကြူးတွေ တစ်စင်းပြီး တစ်စင်းကြွေ
အိမ်ကြီးထဲက စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ 
မဲပြာပုဆိုး ပန်းချီကားတွေကိုပဲ
ငါတို့ ဆွဲခဲ့ကြတယ်။
လူပီသတာ ပဲလား။
သိစိတ်နဲ့ မသိစိတ် တွဲလျှောက်ခွင့် မရှိတဲ့ လမ်းပေါ်မှာ
ကိုယ့်အတ္တနဲ့ ကိုယ့်ကျောက်ဆောင် ကိုယ်ပြန်တိုက်စားရင်း
ပွန်းပဲ့လာလိုက်တာ
မနေ့ ကလူနဲ့ 
ဒီနေ့ လူတောင်မှ ညီမျှခြင်း ချလို့ မရ။
အတိတ်က ရင်ခုန်သံနဲ
အခု ရင်တုန်သံဟာ
မိုင်ပေါင်းများစွာ ကွာတယ်။
ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။
မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ
ရန်သူဟာ
ဥပဒေအပြင်က လက်သီးတွေနဲ့ တစ်ချက်ပြီး တစ်ချက်ထိုး
နေ့ စွဲနီနီတွေသာ တစ်ရက်ပြီး တစ်ရက် တိုးတိုးလာတယ်။
ဒီလိုနဲ့ ပဲ
အတိတ်က အမာရွတ် တွေနဲ့ 
ကိုယ့်မခံချင်စိတ်ကို အစာသွပ်နေရ။
တစ်ယောက်ကောင်းဖို့ အရေး
တစ်ယောက်ပျက်ပေးရတတ်သတဲ့။
ပိုက်လုံးသုံးပြီး အလုခံလိုက်ရတဲ့ ပဘာဝတီ လောင်းလျာနဲ့ 
ဘန်ကောက်မြို့ ကြီး မီးတွေလင်းထိန်နေလိုက်တာ။
ခြံထဲက ထွက်သမျှ အငွေ့ တွေဟာ
အဝါချစ်သူတို့ရဲ့ညမှာ
ရွှေရောင်ပန်းတွေလို ပွင့်လို့ ။
ဒီလိုပါပဲ
အိမ်ထဲက သွေးတွေနဲ့ လည်း
အပြင်က ကျောက်ခဲတွေ
ပတ္တမြားယောင်ဆောင်ပြီး နီနေလိုက်ကြတာ
အိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာ
အနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။
အသက်သုံးဆယ်ကျော်မှ
ဇောင်းထဲက ထွက်ခွင့်ရတဲ့ မြင်းလို
မျက်လုံးတွေကို ကမြင်း ကြည့်လိုက်တယ်။
အတွင်းအပြင် ပုံရိပ်တွေထဲမှာ
ပဒိုင်းသီး ကြိုက်နေတဲ့ ဘုရင်တွေ
လူရိုက်စားတဲ့ ဖားတွေ
နွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကို ထည့်ပိတ်ထားတဲ့သူတွေ
ကောင်းကင်လိုမိုးထားတဲ့ ဗလာလက်ဝါးတွေနဲ့ လောင်းရိပ်မိနေတဲ့ ပင်ပျိုတွေ
အနုလုံ ပဋိလုံ ကြည့်ခွင့်မရတဲ့ ရှုခင်းတွေ နဲ့ 
ဝေဖန်ရေးစက္ခုကင်မရာနဲ့ဓာတ်ပုံရိုက်ပြခွင့်မရှိတဲ့ နေရာတွေ။
နောက်ဆုံးမြင်လိုက်ရတာကတော့
ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်း
ရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ 
မျက်လုံး စုံမှိတ်ထားတဲ့သူတွေ။
ကောင်းကင်ကို
ရတု @ 2011
12 years ago
ကောင်းကင် ကြီးပြောပြတဲ့ မြင်ကွင်းကို မြင်အောင် ကြည့်သွားတယ် ၊၊ စာလုံးတွေ အားကောင်းတယ်ဗျာ ၊၊ ဖတ်ရတာ အားပါတယ် ၊၊
ReplyDeleteစကားလုံးတွေ လန်ထွက်နေလိုက်တာ အကြွေးတောင် မတောင်းရဲတော့ဘူး
ReplyDeleteကဗျာလေး ကောင်းတယ်ဗျာ
ReplyDeleteမြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီး မြန်မာပြည်လေကိုရူ မြန်မာ့ရေကိုသောက် မြန်မာ့စပါးစားပြီး ကြီးပြင်းလာတိုင်း မြန်မာမှန်ရင် ကောင်းကင်ကို ဘာပြောတယ်ဆိုတာ သိတယ်
ReplyDeleteလူမှန်ရင် ဘယ်ဟာ မှားနေတယ် ဘယ်ဟာ င်္တွေ လွဲနေတယ်ဆိုတာ သိတယ်..၈၈မှာ စမွေးတဲ့ ကလေးတွေ ၂၀၀၇မှာ ထပ်စတေးရပြန်တယ် နှစ်နဲ့ချီပြီး ပေးဆပ်နေရသူတွေရဲ့ ပုံစံ ရက်စွဲတွေမှာ ထမင်းကို လိပ်ပြာလုံလုံ မျိုချနိုင်ပါစေ အချိန်အခါရဲ့ ပြောင်းလဲမူမှာ အခြေအနေတွေကွဲပြားတယ်ဆိုတာ နောက် ၂၀၀၉မှာ မွေးလာမဲ့ ကလေးတွေ ငိုသံ တွေ ထပ်ကြားခဲ့ရင် အခု အမည်မဲ့ဆိုတဲ့ ကိုယ်တိုင် လုပ်နေသူ ရဲရဲ နားစွင့်ပြီး လိပ်ပြာလုံပါစေ..
သူငယ်ချင်းေ၇...
ReplyDelete၇င်ထဲကလာ တဲ့အမှန်တ၇ားက ထက်မြက်စူးရှတဲ့ ကလောင်ထိပ်ဖျားမှာပဲ၇ှိတယ်။ သေနတ်ပြောင်းဝမှာ မရှိဘူး။ ခတ်ညံ့ညံ့  ခတ်တုံးတုံး အမည်မဲ့ အကြံပေးတတ်သူတွေကို ဂရုစိုက်မနေပါနဲ့ ။
ဗမာပြည်လွတ်မြောက်ရေးကိစ္စဆိုတာ ဗမာပြည်သားအားလုံးနဲ့ဆိုင်တယ်။ ဘလောဒ့်တစ်ခုဖွင့်ပြီး စစ်အစိုးရကို အပုတ်ချရုံ၊ ကဗျာတစ်ပုဒ်ရေးပီး လှောင်ပြောင်ရုံလောက်နဲ့ တာဝန်ကြေဘီလို့ မထင်ကြလေနဲ့။ အဲဒါ လူတိုင်းလုပ်နိုင်တယ်။ ငါတို့က အနှစ် (၂၀) လုံးလုံး မိဝေးဖဝေးမှာ ကိုယ်ကျိုးစွန့်ပီး လုပ်နေသူတွေဖြစ်တယ်။ ဘ၀အပျက်ခံပီးလုပ်နေသူတွေဖြစ်တယ်။ နေရာတိုင်းမှာတော့ လူကောင်းရှိသလို၊ လူဆိုးရှိနိုင်တယ်။ ၀လုံးရှည်နဲ့ ရမ်းတာကို မခံနိုင်လို့ ၀င်အကြံပေးတာ။ မဆုမွန်ဆိုတဲ့ ခလေးမက ဘယ်သူလဲ။ အနစ်နာခံလုပ်နေသူတွေကို စော်ကားလှချေလား။ နင်တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပြီးလို့ ဒီစကားပြောတာလဲ။ အောင်သာငယ်ဆိုသူ သင်ဘယ်သူဆိုတာ ငါတို့သိတယ်။ တော်လှန်ရေးခဏလုပ်ပြီး တသက်လုံး ဂုဏ်ယူနေရုံနဲ့ တာဝန်ကြေပြီမထင်လေနဲ့။ သင်လွန်ခဲ့တဲ့ (၁၅) နှစ်မှာ ဘာတွေလုပ်ခဲ့လဲ။ မိန်းမထမီစစွဲပြီး အမေရိကန်ကိုထွက်သွားတာ လုံးဝပြန်မလာတော့ဘူးမဟုတ်ဘူးလား။ စကားတခွန်းကို သေချာစဉ်းစားပြီးမှ ပြောပါကိုယ့်လူ။ မေဆိုတဲ့ ချာတိတ်ကိုတော့ ကလေးမို့ ဘာမှ ပြန်မပြောတော့ဘူး။ ကိုယ်တို့က ကောင်းကင်ကို ကို စေတနာနဲ့ ဝေဖန်ထောက်ပြနေတာ။ လမ်းလွဲရောက်မှာစိုးလို့။ ကိုယ်တိုင်လုပ်ပြီးမှ ဝေဖန်ရင် ဘယ်သူမဆိုဝေဖန်လို့ရတယ်။ တိုင်းပြည်အတွက် ဘာမှမလုပ်ပဲနဲ့ အာချောင်ဖို့မကြိုးစားကြနဲ့။ ငါတို့ တော်လှန်ရေးသမားတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ နင်တို့အားလုံးမှာ တာဝန်ရှိတယ်။ တိုင်းပြည်အတွက် အသက်ကိုတောင် ပဓါနမထားပဲ ဘ၀အပျက်ခံပြီး ပေးဆက်လုပ်ကိုင်နေတဲ့ တော်လှန်ရေးသမားတွေ နယ်စပ်မှာ တောထဲမှာ ရှိနေသေးတယ်။ စော်ကားဖို့ လုံးဝမကြိုးစားနဲ့။ မင်းတို့အားလုံး ရန်သူနဲ့ တဂိုဏ်းထဲ ဖြစ်သွားမယ်။ ဆုမွန်ဆိုတဲ့ ကောင်မ ပါးစပ်ပိတ်တော့။
ReplyDeleteBreak က ပေါက်လို့ ဂုံးအဆင်းရောက်ခါနီးပြီး ဒင်းတို့က ရင်တစ်လှပ်လှပ် ဖြစ်ရတာကို ပျော်စရာလို့ ထင်နေတုန်းပေါ့ အကိုရာ
ReplyDeleteမကြေနပ်ရင် မကြေနပ်တဲ့သူကိုပြော။ အသက်သွေးချွေးတွေနဲ့ရင်းထားရတဲ့ တော်လှန်ရေးကိုတော့ မစော်ကားကြနဲ့ကောင်မတွေရဲ့။ နင်တို့က ဘာကောင်မတွေမို့ သောက်ကြီးသောက်ကျယ်ပြောရတာလဲ။ မဟုတ်မှလွဲရော နင်တို့စစ်အစိုးရက ဘလောက်ဂါတွေပဲ ဖြစ်ရမယ်။
ReplyDeleteကောင်မလေး၊ ကလေးမ၊ ချာတိတ်၊ မိန်းကလေး တွေနဲ့ ဖက်ပြီး ရန်ဖြစ်တဲ့ သူက တော်လှန်ရေး သမား ဆိုပဲ။ ဝေ.. ဟေ... ဟေ... ဒူဝေေ၀.......... နောင် ဂျိန် နောင်ဂျိန်
ReplyDeleteမိန်းခလေးတွေနဲ့ ရန်ဖြစ်တဲ့ အခြောက်ကြီး တစ်ယောက်တော့ လှည်းတန်းဈေးမှာ တွေ့ဖူးတယ်။
ReplyDeleteကောင်းကင်ကိုရေ မြင်ကွင်းကို ကိုယ်တိုင်ဝင်ရောက် ခံစားသွားပါတယ်…
ReplyDeleteDecember 17, 2008 1:28 PM က ညီလေး အနောနိမက်စ်ရေ။ အဲဒီ့လူ ပြောတာ အစ်ကို သုံးရက်လောက် ဘာပြန်ပြောလို့ လဲ ညီလေးရာ။ အဲဒီ့ တော်လှန်ရေး သမားဆိုတဲ့ လူလည်း အစ်ကို့ ကဗျာကို "ဆဲစာ၊ အတင်းအဖျင်းစာ" လို့ ပြောတာ အစ်ကိုဘာမှ ပြန်မပြောပါဘူး။ အစ်ကို သဘောမတူပေမယ့် သူ့ အမြင်နဲ့ သူ ဝေဖန်တယ်လို့ သဘောထားလိုက်ပါတယ်။ ဆုမွန်ပြောတာလည်း သူ့ အမြင်သူပြောတာပဲ။ သူက ပြန်ပြီး "ကောင်မ၊ ပါးစပ်ပိတ်ထား" ဆိုတာက တော့ မလွန်ဘူးလား။ မိန်ကလေး တစ်ယောက်ကို အစ်ကို့ ဘလော့ထဲမှာ လာစော်ကားတာပဲ။ ပင့်ဂိုးလ်ရေးတာကို လည်း သေချာပြန်ဖတ်ကြည့်ပါ ညီလေးရာ။ နအဖကို ရေးတာ မဟုတ်ဘူးလား။ နအဖက မျက်လုံးစုံမှိတ်နေတဲ့သူ မဟုတ်ဘူးလား။ ဘာလို့ အနောနိမက်စ်ကို ရေးတာလို့ ထင်ရတာလဲ။ ဘာလို့ ဆွဲထည့် ချင်ရတာလဲ။ အဲဒီ့ အနောနိမက်စ်ဆိုတဲ့ လူက အစ်ကို့ ကို ဟေ့ကောင် ပါးစပ်ပိတ်ထားလို့ ပြောပေါ့။ အစ်ကိုက ကဗျာရှင်ပဲ။ ဘာလို့ မဆိုင်တဲ့သူကို ဆွဲထည့်လဲ။ အနောနိမက်စ်ကလည်း မဆိုင်တဲ့ တောထဲက တော်လှန်ရေးသမားတွေကို ပါ ဆွဲထည့်သေးတယ်။ အခုတော့ သူ တခြားသူတွေကို တောင်းပန်ပြီးလို့  နားလည်ပေးလိုက်ပါတယ်။ ကြားထဲက သူ့ ဘာသူ အေးအေးနေတဲ့ သူတွေကို ဆွဲမထည့်ပါနဲ့ တော့ ညီလေးရာ။ အစ်ကိုနဲ့ အနောနိမက်စ်ရဲ့ ပြသနာပဲ ဖြစ်စေချင်တယ်။
ReplyDeleteဘလော့တွေ လိုက်မဖတ်ဖြစ်တဲ့ကာလမှာ လွတ်သွားခဲ့တဲ့ ကဗျာလေး။
ReplyDeleteကဗျာကိုရော မှတ်ချက်တွေကိုပါ သေသေချာချာဖတ်ရင်း တွေးတောသွားပါတယ်။
အရှိုက်ထိပါသည်
ReplyDeleteအကြိုက်ဆုံး စာပိုဒ် -
"မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ"
"လူရိုက်စားတဲ့ ဖားတွေ"
"ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ"
"အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။"
ကဗျာကို ကြိုက်တယ် တကယ့်လက်တွေ့ ကို ထင်ဟပ်ရေးထားတာပါ...
ReplyDeleteကျွန်တော်တို့လို လေးဆယ်ကျော် ၁၀၉ ၁၁၀ တွေ လုပ်စရာရှိတာက ဘားမားအာဏာရှင်တွေပြုတ်ကျအောင်
ReplyDeleteနီးရာဒုတ်နဲ့ ထိုးဖို့ပဲဗျာ