Saturday, December 1, 2007

ငါတို့ ဖန်ဆင်းထားတဲ့ မြစ်


ဖတ်လမ်းသည် ငါတို့ လမ်းမဟုတ်။

ငါတို့ သည်အဖိုးတန် ကားများဖြစ်၍ ဖြတ်လမ်းအစုတ်မှ မသွားနိုင်။

ငါးပွက်ရာ ငါးစာမချ။
ငါတို့ သွေးစက်ချရာနေရာ
ငါးမန်းတွေ သေဖို့ လာရမည်။

မိုးခါးရေကို ငါတို့ မသောက်။
ငါတို့ သွေးတွေ ပိုနီ လာစေဖို့ 
ပြည်သူ့ မျက်ရည်ကိုသာ
နှလုံးသားများဖြင့်သောက်သုံးမည်။

ဘီလူးစောင့်တဲ့ သစ်ကိုင်းထက်မှာ
ငါတို့ သမိုင်းမှာ တစ်ခါမှ မသီးဘူးသေးတဲ့သစ်သီးတစ်လုံး သီးနေတယ်။
ခွပ်ဒေါင်းတောင်ပံခတ်လို့ တိုက်တဲ့လေနဲ့ 
အဲဒီ့သစ်သီးကို ခြွေရမယ်။

ခေတ်သစ်ရဲ့ ပြဇာတ်တွေမှာ
မေခလာရဲ့ အခန်းမပါတော့ဘူး။
သမုဒ္ဒရာ အစအဆုံး
ငါတို့  ကိုယ်တိုင်လက်ပစ်ကူးရလိမ့်မယ်။

တကယ်ဆို
အနှစ် ၂၀ လုံးလုံး
တဝုန်းဝုန်းခြိမ်းနေတဲ့
အနောက်ဘက်ခြမ်းကောင်းကင်ဟာ
မိုးတစက်မှ ရွာမပေးပါဘူး။
ငါတို့ သွေးနဲ့ သည်းခဲ့တဲ့မိုး ကြောင့်သာ
မျှော်လင့်ချက်မြစ်တွေ ဆက်လက်စီးဆင်းနေခြင်းဖြစ်တယ်။

ကောင်းကင်ကို

2 comments:

  1. ငါတို့ သွေးနဲ့ သည်းခဲ့တဲ့မိုး ကြောင့်သာ

    ReplyDelete
  2. ကောင်းလိုက်တာဗျာ။ သာဓု သာဓု သာဓု...

    ReplyDelete