၁၉၇၄ အလုပ်သမားအရေးတော်ပုံ
၁၉၇၄ ဇွန်မှာ မီးရထားအလုပ်သမားတွေက စလိုက်တဲ့ သပိတ်တိုက်ပွဲဟာ တပြည်လုံးက အလုပ်သမားတွေဆီကို ကူးစက်ပျံ့ နှံ့ သွားပါတယ်။ အလုပ်သမားတွေဟာ ပိုမိုမြင့်မားတဲ့ လခရရှိရေးနဲ့ အလုပ်သမား သမဂ္ဂလွတ်လပ်စွာ ဖွဲ့ စည်းခွင့် ရရှိရေးကို တောင်းဆို ခဲ့ကြပါတယ်။ ဒါပေမယ့် ဦးနေဝင်းအစိုးရက ပယ်ချခဲ့ပြီး အလုပ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ သမိုင်းက textile factory နဲ့ ဆင်မလိုက်သဘောင်္ကျင်းက အ အလုပ်သမားများစွာ(အတိအကျမသိ) အသက်ပေးခဲ့ရပြီး တချို့ လည်းနှစ်ရှည် ထောင်ချခံခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသားတချို့ လဲ အလုပ်သမားတွေနဲ့ အတူပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဦးသန့် အရေးအခင်း
၁၉၇၄ ဒီဇင်ဘာမှာတော့ ဦးသန့် အရေးအခင်းဖြစ်ခဲ့ပါတယ်။ ဦးသန့် အရေးအခင်းကို ဒီမှာ အကျယ်ဖတ်လို့ ရပါတယ်။ ဦးသန့် ကို နေဝင်းအစိုးရက သာမန်သင်္ဂြိုလ်ဖို့ ဆုံးဖြတ်ရာကနေ ကျောင်းသားထုက မကျေမနပ်ဖြစ်ပြီး ဦးသန့် အလောင်းကို ၁၉၆၂ ခုနှစ်က နေဝင်း အစိုးရ ဖျက်ဆီးဖြိုချခဲ့တဲ့ သမဂ္ဂအဆောက်အဦးနေရာဟောင်းမှာ ဂူဗိမာန်ဆောက်ပြီး ခမ်းခမ်းနားနား သင်္ဂြိုလ်ဖို့ ကြိုးစားရာကနေ ဖြစ်ပေါ်လာတဲ့ အရေးအခင်းပါ။
ဦးသန့် အရေးအခင်းအပြီးကျောင်းတွေ ပြန်အဖွင့်မှာ လည်းအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီးကျောင်းသား အယောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မှိုင်းရာပြည့် အရေးတော်ပုံ
၁၉၇၆ မတ်လ ၂၃ မှာတော့ မှိုင်းရာပြည့် အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ် အသီးသီးက ကျောင်းသား ၂၃၀ ကျော် အဖမ်းခံခဲ့ရပြီး စစ်ခုံရုံးတင်ကာ ထောင် ၁၄နှစ် အထိ ချခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ကျောင်းသားတွေ ကျောင်းအထုတ်ခံခဲ့ရပါတယ်။ ချင်းတိုင်းရင်းသား ဖြစ်တဲ့ RASU ကျောင်းသား ကိုတင်မောင်ဦးဟာ ၁၉၇၆ ဇွန်မှာ ကြိုးပေးခံခဲ့ရပါတယ်။ ကိုတင်မောင်ဦးဟာ ၁၉၇၄ အခြေခံဥပဒေ ဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးခံခဲ့ရသူဖြစ်ပါတယ်။ ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာသီရိ ဟာ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ ခွေးဋီကာ ကို မှီငြမ်းပြီး ဆိုရှယ်လစ်ပါတီကို ဝေဖန်ခဲ့လို့ ထောင် ၆နှစ် အချခံခဲ့ရပါတယ်။
၁၉၈၈ အရေးအခင်းကတော့ သိတယ်သူများလို့ မရေးတော့ပါဘူးခင်ဗျာ။ ဗွီဒီယိုတွေ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်လို့ ရပါတယ်။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (ကိုယ်တွေ့ )
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု ကတော့ ၁၉၉၆ ဒီဇင်ဘာ ၂၀ မှာ စော်ဘွားကြီးကုန်းမှာ ဖြစ်ပွါးခဲ့တဲ့ ရန်ပွဲမှာ ရဲဝန်ထမ်းတချို့ ရဲ့  စက်မှုတက္ကသိုလ်ကျောင်းသားတွေကို ရိုက်နှက်မှု ကနေ စတင်ပေါက်ဖွားခဲ့ပါတယ်။ အောက်တိုဘာလ မှာ မန္တလေး မှာတော့ ကျောင်းသားလှုပ်ရှားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရေဒီယိုကနေ တစ်ဆင့် သိခဲ့ပါတယ်။ စက်မှုတက္ကသိုလ် ပထမနှစ်မှာ MIT ကကျောင်းသား အယောက် ၁၀၀ ကို RIT ကိုပေးပြောင်းလေ့ရှိပါတယ်။ (လျှောက်လွှာတင်ရပြီး အမှတ်နဲ့ လူဖြတ်ချပါတယ်။) ကျွန်တော်တို့ ရန်ကုန်ကို ပြောင်းသွားတဲ့ အချိန်မှာ သီတင်းကျွတ်နဲ့ ရောပြီး ကျောင်းခဏ ပိတ်ထားပါတယ်။ တကယ်က ပိတ်လေ့ပိတ်ထ မရှိဘူးတဲ့။ အဲဒီ့ တုန်းက ကျောင်းတွေက အကုန်တပြိုင်တည်းဖွင့်သေးပါတယ်။ RIT ကျောင်းသားတွေနေတဲ့ အဆောင်နဲ့  Eco စတဲ့ တခြားကျောင်းသားတွေ အဆောင်က နီးနီးလေးပါ။ ဒီဇင်ဘာ ၂ရက်နေ့ လို့ ထင်ပါတယ်။ (တနလာင်္နေ့ ) မှာ ကျွန်တော်တို့  ပထမနှစ် စက်မှုတက္ကသိုလ်ကျောင်းသားတွေ အင်္ဂလိပ်စာ အချိန်မှာပါ။ ကျွန်တော်တို့ ဘာမှ မသိသေးဘူး။ အတန်းကြီးတွေက ကြွေးကြော်သံတွေ အော်ပြီး အတန်းထဲကို ဝင်လာတော့ ဆရာမက ထိန်းဖို့ ကြိုးစားသေးတာပေါ့။ ဘယ်ရလိမ့်မတုန်း။ ကျွန်တော်တို့ ကျောင်းသားတွေက လက်ခုပ်တွေတီးပြီး ဝင်ပေါင်းတော့ ဆရာမလဲ အခန်းထဲကနေ ထွက်သွားတာပဲ။ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း က ကျောင်းသားတွေကို စော်ကားတဲ့ ပစ်စာကို ဖတ်ပြတယ်။ ပစ်စာမှာ ကျောင်းသားလှုပ်ရှားမှုကို ရှုတ်ချထားပြီး ငြိမ်းချမ်းစွာပညာသင်ကြားလိုသူများလို့ အမည်ခံထားတယ်။ ပထမပိုင်းကျောင်းထဲမှာ ကြွေးကြော်သံတွေနဲ့ လှည့်လည်ကြတယ်။ နောက်ပိုင်းညနေလောက်မှာ အပြင်ထွက်ဖို့ လုပ်ကြတယ်။ တချို့ ကတော့ သဘောမတူချင်ကြဘူး။ အဲဒီ့နေ့ က ကျောင်းထဲမှာ လှည့်လည်တော့ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်ပါတယ်။ ကျောင်းသားတွေ အပြင်ထွက်ကြတဲ့ အချိန်ကျတော့ ကျွန်တော်နဲ့ အဲဒီ့ သူငယ်ချင်းက ကန်တင်း ရောက်နေလို့ လိုက်မသွားဖြစ်ဘူး။ ကျွန်တော်တို့ ပြန်ရောက်သွားတဲ့ အချိန်ကျတော့ မရှိကြတော့ဘူးဗျ။ ထွက်သွားကြပြီ။ ကျောင်းသားတွေဟာ ဒီဇင်ဘာ ၃ရက် နေ့ နံနက်ခင်းမှာ ဘုရားနှစ်ဆူကြားမှာ အရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ နောက်ဘယ်နေ့ တုန်းမသိဘူးဗျ။ သောကြာနေ့ မတိုင်ခင်တရက်ရက်ပဲ။ အမျိုးသားနေ့ မတိုင်ခင်တရက်ထင်တယ်။ ကိုစိုးသိန်းတို့ ပြန်လွတ်လာပြီး အချုပ်တွင်း အတွေ့ အကြုံတွေ ဟောပြောခဲ့ပါတယ်။ ကြာသပတေးနေ့ မှာတော့ အမျိုးသားနေ့ ဆိုပြီးကျောင်းပိတ်ပါတယ်။ ကားပေါ်မှာ ကျောင်းသားကတ်စစ်ပြီး ကျောင်းသားဆိုရင် ဖမ်းတယ်လို့ ကြားပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်တော့ အမျိုးသားနေ့ အပါအဝင် နေ့ တိုင်း အဆောင်ကနေ ကျောင်းကိုသွားပြီး ဟောပြောတာတွေ နားထောင်ပါတယ်။ ကိုစိုးထွန်းတို့ အချုပ်ထဲက နေပြန်လွတ်လာပြီး အမာခံ ၁၀ ယောက်အဖွဲ့ ဖွဲ့ လိုက်ပါတယ်။ ကျွန်တော် ခေါင်းဆောင်တွေထဲမှာ ကိုစိုးထွန်းနာမည်ပဲမှတ်မိပါတယ်။ ကိုစိုးထွန်းက ခေါင်းတုံးစတောက်နဲ့ ဗျ။ နိုင်ငံရေးတရားဟောရင် လေအေးအေးနဲ့  တရားတွေ ကြားညှပ်ပြီးဟောတယ်။ ဒီလို နဲ့ အမျိုးသားနေ့ ပြီးနောက်တရက် သောကြာနေ့ မှာ လမ်းမပေါ်ထွက်ကြတယ်ဗျာ။ ဒီတခါတော့ ကျွန်တော်လည်း ပါတယ်။ Mainကို ချီတက်မလို့ လို့ ထင်တာပဲ။ အဖော်တွေက မလိုက်ရဲကြဘူးဗျ။ ဟာဗျာ၊ ကျောင်းကနေတောင်သိပ်မရောက်သေးဘူး။ လမ်းမှာ လုံထိန်းတွေကားတွေနဲ့ ရောက်လာတယ်။ တုတ်တွေကိုင်ထားတယ်ဗျ။ ကျွန်တော်တို့ YIT ကကျောင်းသားက နည်းနည်းလေး။ သူတို့ အင်အားက ပိုများတယ်။ ညနေပိုင်းလောက်မှာ။ လူတွေက ရိုက်ရင် နောက်ကိုပဲ ပြေးလို့ အကြံပေးကြတယ်။ ဟိုဘက်လမ်းကို မပြေးနဲ့ တဲ့။ ဟိုဘက်မှာလဲ စောင့်နေတယ်တဲ့။ လမ်းအနေအထားတော့ ကျွန်တော်သိပ်မမှတ်မိတော့ဘူးဗျာ။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်။ ဘယ်သူမှလည်း ထွက်ပြေးလို့ မရဘူး။ ထိတ်လန့် ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင် အစည်းမပြေအောင် ကျောင်းသားတချို့  လက်ချင်းတွဲပြီး ကာရံပေးထားတယ်ဗျ။
လုံထိန်းတွေက ကျွန်တော်တို့ ကိုဆုတ်ဖို့ ပြောတယ်။ ကျွန်တော်တို့ က မဆုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့  ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှည်းတန်းမှာ ဆုံကြဖို့ ဆုံးဖြတ်လိုက်တယ်ဗျ။ လိုင်းကားမရှိဘူးဗျာ။ ကျွန်တော်နဲ့ ခုစင်ကာပူကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ကြားကား နှစ်ဆင့်သုံးဆင့်ဆီးပြီး သွားကြတယ်။ သူက လမ်းကျွမ်းတယ်ဗျ။ ဟိုရောက်တော့ ကျောင်းသားတွေတော်တော်စုံတယ်ဗျာ။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေ။ ဟောပြောကြတယ်။ ကိုစိုးထွန်းကိုတော့ မတွေ့ တော့ဘူး။ ကျောင်းသူတွေလည်း အများကြီးပါတယ်ဗျ။ ရေသန့် တွေ သကြားလုံးတွေ ဝေတယ်။မုန့် တွေလည်းဝေတယ်ထင်တယ်။အဲဒါတော့မမှတ်မိတော့ဘူး။ နောက်ည ၇နာရီလောက်ထင်တယ်။ စစ်ကားတချို့ ရောက်လာတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်းရယ်၊ကျောင်းသားတချို့ ရယ် ထွက်ပြေးကြတယ်။ နောက်တော့ ဘာမှမလုပ်လို့ ကျွန်တော်တို့ ပြန်ထိုင်ကြတယ်။ ဒီလိုနဲ့ ည ၉နာရီလောက်ရောက်လာရောဗျ။ စစ်တပ်က ဝိုင်းထားပြီးပြီ။ နောက်ကျပြီးမှ ရောက်လာတဲ့ကျောင်းသားတွေကို အထဲအဝင်မခံတော့ဘူး။ အထဲမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေအပြင်ထွက်ပြီးပြန်ချင်ရင်တော့ ပြန်ခွင့်ပေးတယ်။ ကျွန်တော့်သူငယ်ချင်းက မေးတယ်ဗျ။ ပြန်မလား၊ဆက်ထိုင်မလားတဲ့။ ပြန်ရင်လည်းခုပြန်မှ ရမယ်တဲ့ ။ ညကျရင် Taxi မရှိတော့ဘူးတဲ့။ ကျွန်တော့်သဘောတဲ့။ ကျွန်တော်က ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ရိုက်မယ်လို့ တော့ ကျွန်တော်မထင်ထားဘူးဗျ။ ကျွန်တော်တုံးခဲ့တာနေမှာပေါ့။ မရိုက်ချင်ရင် စစ်ကားတွေ ဘယ်ချထားလိမ့်မတုန်းဗျ။ ကျွန်တော်တို့ အဆောင်ပြန်ရောက်ပြီး ည၁ချက် ၂ချက်လောက်မှာ ရိုက်နေပြီဆိုတဲ့ သတင်းကြားတာပဲ။ ကျွန်တော့်သူငယ်ချင်းတချို့  တောင်စိတ်ပူလို့ ကျွန်တော့်ကို လိုက်ရှာနေသေးတယ်။ ကျွန်တော် လှည်းတန်းကိုသွားမှန်းသိလို့ ။ အဲဒီ့မှာ လမ်းမီးတွေကို မီးသတ်ပိုက်နဲ့ ငြိမ်းပြီး ကျောင်းသားတွေကို နှိမ်နင်းတယ်လို့ ကြားတာပဲ။ ကျောင်းသားတွေ မလွင့်အောင် တယောက်နဲ့ တယောက်ဖက်ထားရတယ်လို့ ကြားတယ်။ ဂျပန်သတင်းထောက်လဲ အရိုက်ခံလိုက်ရတယ်လို့ ကြားတယ်ဗျ။ စလောင်းမှာ ရိုက်တာကြည့်ရတယ်တဲ့။ နောက်နေ့ ကျတော့ ကျောင်းသားအင်အားနည်းသွားပေမဲ့ အဆောင်မှာ ကျောင်းသားနည်းနည်းချင်း ကြွေးကျော်သံတွေ ကြွေးကျော်ပြီးဆန္ဒပြနေကြတုန်းပဲ။ ကျွန်တော့်ကို လာခေါ်တဲ့ ဦးလေးကတောင် သူတို့ သတ္တိကိုချီးကျူးတယ်ဗျာ။ ကျွန်တော့်ကိုတော့ ၃ရက်လောက်နေတော့အိမ်ကလာခေါ်သွားပါတယ်ဗျာ၊နောက်ရက်တွေမှာ ဆက်ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုကို ကျွန်တော်ကိုယ်တွေ့ မသိတော့ဘူးဗျ။ သိတဲ့လူတွေ ရေးထားတဲ့စာအုပ်ကို ဒီမှာ download လုပ်ပါ။ ကျွန်တော် Mr Balance ဆီက တဆင့်ရပါတယ်။
ဒီလိုနဲ့ ကျောင်းတွေပိတ်သွားပြီးတော့ ၉၈ မှာတော့ ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ ကျောင်းတွေ တတန်းချင်း(တပတ်ပဲတက်ရတယ်။ပြီးတာနဲ့ စာမေးပွဲစစ်တာ။)ပြန်ဖွင့်ပါတယ်။ နောက်ဆုံး first year နဲ့  second year ပေါင်းဖွင့်တဲ့ အလှည့်လည်းရောက်ရော လှိုင်သာယာကိုကျောင်းရွှေ့ မရွှေ့  ကိစ္စနဲ့ ပတ်သတ်ပြီး ကျောင်းသားတွေ မကျေနပ်လို့  ဆန္ဒပြကြပါတယ်။ အဲဒီမှာ ကိုင်တဲ့ Poster ကိုမှတ်မိပါသေးတယ်။ “We must fight for our right” တဲ့။ နောက်ပြီး ကျွန်တော်တို့ ၇ရက်တပတ်ပညာရေးအလိုမရှိဆိုပြီး ဆန္ဒပြလိုက်တာ ၆ရက်နဲ့ ကျောင်းပိတ်ပြီး စာမေးပွဲစစ်ချလိုက်ပါရောလား။ ရက်စက်တာကဗျာ…ကျောင်းသားတွေကို ချက်ချင်းမဖမ်းဘူး။ စာမေးပွဲပေးဖြေတယ်။ နောက်မှ ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းတယ်တဲ့ဗျာ။ Second year က ခေါင်းဆောင်တွေကိုပဲဖမ်းတာပါ။ ထောင် ၁၄ နှစ်ချပစ်တယ်လို့ ကြားတယ်ဗျာ။
မှတ်မှတ်ရရရှိသေးတာ နောက်တစ်ခုက ကျွန်တော်တို့ တုန်းက မြန်မာစာ ပါတယ်ဗျ။ လဂွန်းအိမ်အကြောင်းသင်ရတယ်။ “သူရဲကောင်းလဂွန်းအိမ်ဟာ မကြောက်မရွံ့  ပဲ မင်းဧကရာဇ်ကိုတောင် အမှန်တရားကို ရဲရဲ ဝံ့ဝံ့ ပြောရဲတယ်” လို့ ပါတယ်။ စာတွေက အလွတ်ပဲ ကျက်ဖြေရတာမို့ လား။ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တယ်ဗျာ။ သူငယ်ချင်း တယောက်ကတောင် အဲဒီ့ တပိုဒ်က လဂွန်းအိမ်ရဲ့ အသက်လို့ တောင်ပြောသေးတယ်။ အဲဒီ့ အပုဒ်က မေးခွန်းထုတ်ပြီးသားမို့ မေးမှာ သေချာလို့ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တာ။
၁၉၆၂ ခုနှစ် အရေးအခင်း(၇ ဇူလိုင် အရေးအခင်း) (ကျောင်းသားသမဂ္ဂအဆောက်အဦးဖြိုချခံရမှု)
On 2 March, 1962, a man named General Ne Win took control of state power for the second time.
On 4 May, 1962, the leaders of the All Burma Federation of Students' Union (ABFSU) discussed the case of a student who had been expelled from his hostel because he did not get on well his warder.
On 9 May, 1962, Pioneer Ko Mya Than, Ko Thet, Ko Tha Ban and Ko Zaw Win were arrested for demonstrating at the Dutch Embassy. Ne Win told the University Council that as the teachers had misbehaved and among the students there was political influence, the University Council
had to be abolished. The Union commented that the governing body of the university had been taken over by the Revolutionary Council.
On 11 May, 1962, the Rangoon University Rector Dr. Tha Hla handed in his resignation and the Burmese Professor U Aye Maung retired; U Wun (Minthuwun) changed his faculty.
On 12 May, 1962, some wardens and assistant wardens from the Rangoon University hostels resigned.
On 17 May, 1962 the Revolutionary Council's order No.30 was announced and the University Council was reformed. The Adipadi (Chancellor) was Brigadier General Than Pe, Brigadier General San Yu, Col. Than Sein and Col. Tin Soe were included. The Rector was the former Education Minister U Kar of the 1958 Caretaker Government.
On 26 May, 1962 five tutorial school were closed down due to the leakage of questions.
On 18 June, 1962 more unjust rules of the hostels were announced. For example, the people who ate vegetarian food were not allowed to eat it for one or two days unless they ate it the whole year.
On 2 July, 1962 the high school leaving examination was abolished. The All Burma Federation of Students' Union (ABFSU) requested a discussion with the authorities.
On 3 July, 1962 in the hall of the Union there was a meeting to discuss the abolition of the system of education, and the unjust hostel rules.
On 4 July, 1962, the embryonic Burmese Socialist Programme Party (BSPP) was formed.
On 5th July, 1962, a strike at the Dutch Embassy was carried out by three big unions. The military authorities then stated that the people involved in the strike did not really represent the unions. The Students' Union felt that the statement made their Union appear insignificant so they objected.
On 6 July, 1962, the Revolutionary Council reformed the University Senate and the Hostel Committee according to their wishes.
On 7 July, 1962, at 1:00 p.m. the Students' Union held a meeting to discuss the reform and after that the students went on a protest march through the university campus. At first the Security Police (Lone Htein) arrived and they tried to control the situation by throwing tear gas. In the evening at about 5:30 p.m. two army trucks arrived and along Mandalay Hall, Ramanya Hall and Chancellor Road the soldiers started shooting at the students with automatic rifles. The soldiers were from No. 4 Burmese Rifles Battalion and the shooting order was 3 minutes shooting 2 minutes rest and 3 minutes shooting. The guns were made by a joint venture of a Burmese and German Company. They were G-3 and G-4 rifles which had never been used in any battle field.
The military government declared that 17 students died, but in Mandalay Hall alone more than 17 students died according to the official records and altogether over a hundred students died. Ko Kyaw Win, a student from Myaung-mya had written on the wall of Mandalay Hall with blood from his body "7-7-62, do not forget it". Ko Kyaw Win had taken refuge at the Union Building.
On 8 July, 1962, at dawn the Union Building, which had a prominent standing in the history of Burmese Independence, was destroyed by dynamite because the military government had said that it was the headquarters of the above ground communists and the refuge place of the student leaders. It was an act which had not even been committed by the colonialist foreign government. It was bloodthirsty fascists who had cruelly destroyed the Union building by dynamite. Ko Kyaw Win of Myaung-mya, who was in bed with injuries, had been blown up together with the building.
The next morning at 8 a.m. when the news was announced from the radio, the military dictator called General Ne Win said, referring to the students' uprising, "If it was done purposely to oppose us, I have nothing more to say except that we will face them with sword against sword, and spear against spear, that is the only solution. " With these words he insulted the students. (ဓားဓားချင်း လှံလှံချင်းလို့ ပြောပြီးတော့ လက်နက်မရှိတဲ့သူတွေကို သေနတ်နဲ့ ပစ်ခဲ့တာပါ။)
ဒီ ၁၉၆၂ ခုနှစ် လှုပ်ရှားမှုမှတ်တမ်းကို English version ဖြစ်နေလို့ နောက်ဆုံးမှ တင်လိုက်တာပါ။ source က http://www.burmalibrary.org/reg.burma/archives/199508/msg00021.html
Download book
အရေးတော်ပုံ (၄) စောင်တွဲ (၁၉၇၄ အလုပ်သမားသပိတ်+ဦးသန့် အရေးအခင်း+မှိုင်းရာပြည့်)(www.myanmarisp.com) မှ တဆင့်ရရှိသည်။ download
၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (Mr Balance ဆီမှတဆင့်ရရှိသည်။) download
ရတု @ 2011
11 years ago
ကိုကောင်းကင်ကိုရေ၊ဒီပို့(စ်)လေးဖတ်ရတာကျွန်တော်လွန်ခဲ့တဲ့ ၁၁နှစ်ကိုပြန်ရောက်သွားရသလိုပါပဲဗျာ။အဲဒီတုန်းကကျွန်တော်ကဒုတိယနှစ်ပေါ့။ကျွန်တော်နဲ့ခင်ဗျား Dec 6 ရက်နေ့မှာလုံထိန်းတွေနဲ့တူတူတွေ့ခဲ့ဖူးတာပေါ့။ကျွန်တော့်ဘဝရဲ့အပျော်ဆုံးနေ့ရက်တွေပေါ့ဗျာ။ယုံကြည်တာလုပ်နေရတဲ့အချိန်ပဲပျော်ဖို့ကောင်းတာမဟုတ်လား။ကျွန်တော်တို့ကျောင်းသားခေါင်းဆောင်နာမည်ကကိုစိုးထွန်းခင်ဗျ။ကိုစိုးသိန်းမဟုတ်ဘူးထင်တယ်။ကျွန်တော့်ဒိုင်ယာရီထဲမှာလည်းကိုစိုးထွန်းလို့ပဲတွေ့တယ်။ကျောင်းတွေပိတ်ပြီးလေးငါးလအထိသူနဲ့ကျွန်တော်တွေ့ခဲ့တယ်။အဲဒီတုန်းက GTI ကနေကျွန်တော်တို့ကျောင်းပြောင်းခွင့်ရတဲ့ civil ကအစ်မကြီးကားတိုက်ခံရလို့ဆုံးသွားတယ်။တိုက်တဲ့သူကရန်ကုန်ကိုပြောင်းလာတဲ့ ဝ တွေ၊သူတို့က driver ကိုလူစားထိုးဖို့လုပ်တယ်၊အဲဒီမှာကျွန်တော်တို့နဲ့အမှုရင်ဆိုင်ရတော့တာပဲဗျာ၊ကိုစိုးထွန်းနဲ့တရားရုံးအပတ်တိုင်းတွေ့ဖြစ်ခဲ့တယ်ဆိုပါတော့ပြောစရာတွေတော့အများကြီးပဲဗျာ၊နာမည်လေးတစ်ချက်ပြင်ပေးဖို့ပါ။ကျွန်တော်မှားရင်လဲပြောပါ။ကျွန်တော်ကတော့ကိုစိုးထွန်းလို့လုံးဝသေချာတာပါပဲ။လူငယ်တွေအမှတ်မှားမှာစိုးလို့ပါ။ကျွန်တော်ညိုထက်ညိုပါ။ 'smsy' ကပါ။
ReplyDeleteဖောင့်အရောင်းပြောင်းပေးတာ ကျေးဇူးတင်တယ် သူငယ်ချင်းရေ ငါတို့ဒဂုံက ဒီဇင်ဘာကိုးရက်လေ..မမေ့သေးဘူး မနေ့ကလိုပဲ...
ReplyDelete