Friday, November 16, 2007

ခေါင်းလောင်းသံတွေ မချိုတော့ဘူး


ခေါင်းလောင်းသံတွေ မချိုတော့ဘူး

ဟိုးအဝေး စေတီဆီက
ခေါင်းလောင်းလေးဖွဲ့ တဲ့ ကဗျာမှာ
အက်ကွဲသံတွေပါနေတယ်။
ကျောင်းတက်ခေါင်းလောင်းလေးဆီကလဲ
တောက်ခေါက်သံ တချက် ကြားလိုက်သလိုပဲ။

ပြက္ခဒိန် စာမျက်နှာတွေပေါ်မှာလည်း
သေနတ် ခြစ်ရာတွေနဲ့  ပြည့်နေပြီ။

ခောတ်အဆက်ဆက်မှာ
သေနတ်နဲ့ တေ့ပြီး အတင်းအကျပ် ဖြေခိုင်းတဲ့မေးခွန်းကို
ရှေ့ လူတွေ
ကတ္တရာလမ်းမတွေပေါ်မှာ သွေးနီနီတွေနဲ့ ရေးပြီးဖြေခဲ့တယ်။
ဒါတောင်မှ တိုက်ပွဲစောင့်တဲ့ နတ်က
ငါတို့ ဘက်မှာ မရှိခဲ့ ဘူး။
ဘာပဲဖြစ်ဖြစ်၊
အဲဒီ့ သမိုင်းရဲ့ မေးခွန်းကို
ငါတို့ ခွပ်ဒေါင်းလက်သီးတွေနဲ့ 
ဒီခောတ်မှာ အပြီးဖြေရမယ်။

အောင်ဆန်းကိုစံပြု
ထောင်နှုတ်ခမ်းကိုအံတု ဝံ့ သူတွေကို ဦးညွှတ်ကြ။

ချီကွေဗားရားရဲ့  ရုပ်ပုံလွှာဟာ
အင်္ကျီတွေပေါ်မှာ ရိုက်ဖို့ မဟုတ်ဘူး။
နှလုံးသားတွေပေါ်မှာ ရိုက်နှိပ်ထားဖို့ သာဖြစ်တယ်။

ပြည်သူသန်း ၅၀ ရဲ့  မကျေနပ်မှု ကျည်ဆံတွေဟာ
ရန်သူတွေကို မိုးကြိုးပစ်သလို မှန်ရမယ်။

မျိုးဆက်သစ်တွေကို ဆွဲနှစ်
ခွပ်ဒေါင်းတွေကို စားတဲ့မြစ်ကို
လက်ဆင့်ကမ်းလို့ မဖြစ်ဘူး။

လျှပ်စီးလက်သလို ဒေါသမျက်ဝန်းတွေလက်
သေနတ်သံတွေနဲ့ ဖွဲ့ တဲ့ မိစ္ဆာတေးတွေကို တစ်ကမ္ဘာလုံး ကြားအောင်ဆို
အဆိပ်တွေချည်း ငိုချ နေတဲ့
ဝိညာဉ်ခြွေတဲ့ ကောင်းကင်ကို ငါတို့  အပြီးဖြိုရမယ်။

ငါတို့ သွေးတွေက ဖြစ်တဲ့လှိုင်းနဲ့ 
အိပ်မက်တွေ ကမ်းကပ်တဲ့အခါ ကျမှ
သွးရွှဲရွှဲစိုနေတဲ့ ငါတို့ ခေါင်းတွေကိုမော့
ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့နှလုံးသား
ခွပ်ဒေါင်း ဂီတ ကို ချစ်တဲ့နားနဲ့ 
ခေါင်းလောင်းသံ ကဗျာသစ်တွေကို
ငါတို့ နားဆင်ကြရအောင်။

ကောင်းကင်ကို

8 comments:

  1. ကဗျာက ထိတယ်။ အရေးအသားတွေက ကောင်းတယ်။ ကဗျာဟန်က ရဲရင့်တယ်။ ရဲဝံ့တယ်။ လူတွေရဲ့ နှလုံးသားထဲထိကို ၀င်ရောက်တယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ အားနည်းနည်း ပျော့်သွားတယ်။ ခပ်ပြင်းပြင်းလေးဆို ပိုကောင်းမယ်လို့ ကျန်ာထင်တယ် ကိုကောင်းကင်ရေ။

    ReplyDelete
  2. ကဗျာဆရာရေ
    အားမာန်အပြည့်ဖြည့်ပေးလိုက်သလိုပဲ

    ReplyDelete
  3. ကဗျာကအရမ်း မာန်ပါတာပဲ။ ဖတ်လိုက်တဲ့ လူတိုင်းရဲ့ ရင်ထဲကို တစ်ခါတည်း ရောက်သွားတယ်။ ဒီလိုကဗျာမျိုးတွေ များများရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  4. ကဗျာကအရမ်း မာန်ပါတာပဲ။ ဖတ်လိုက်တဲ့ လူတိုင်းရဲ့ ရင်ထဲကို တစ်ခါတည်း ရောက်သွားတယ်။ ဒီလိုကဗျာမျိုးတွေ များများရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  5. ရန်ကင်းNovember 14, 2007 at 11:07 AM

    really great poem for everything.i also like it too much.cheers up senior sky.

    ReplyDelete
  6. ခါးသီးတဲ့ ခေါင်းလောင်းသံတွေဟာ ခွပ်ဒေါင်းတွေရဲ့ ခမ်းနားတဲ့ ချိုတေးသံ တစ်ပုဒ်ပါဗျာ။

    ReplyDelete
  7. ပြန်ဖတ်ပြီး ပြန်ခံစားသွားတယ်

    ReplyDelete
  8. a great poem with a great altitude..congratulation..may god bless our country... !!!

    ReplyDelete