ရုပ်သေးရုပ်များသို့ အိတ်ဖွင့်ပေးစာ
မာယာတွေ အဝသောက်ပြီး
မုသားတွေအန်ထုတ်နေပြီ။
အယောင်ဆောင် မျက်ကန်းတချို့ ဟာ
စကားလုံး အဆိပ်တွေကိုသုံးပြီး
ဘလော့(ဂ်) လောကထဲကို ခတ်နေပြီ။
မင်းတို့ အားလုံးမှတ်ထားကြ။
အမှန်တရားရဲ့ ပါးစပ်ဆိုတာ
လက်ထိပ်ခတ်လို့ မရဘူး။
ဒုက္ခမီးတွေလောင်နေတဲ့
ငါတို့ မြို့ ပျက်ကြီးထဲမှာ
သေနတ်သံတွေ ခြိမ်းခဲ့တယ်။
တကမ္ဘာလုံးက မှန်သားပြင်တွေပေါ်ကို
အာဇာနည်သွေးတွေ လွင့်စင်လာခဲ့တယ်။
ဒါတောင်မှ…မင်းတို့ က…
ငရဲသွားမယ့် လမ်းကိုလျှောက်ကာ
မိစ္ဆာများချပေးသော
ပြည်လုံးကျွတ် မီးလောင်တိုက်သွင်းမည့် ကျိန်စာတွေကို
ကြက်တူရွေး နှုတ်ခမ်းများဖြင့်
နှုတ်တိုက်ရွတ်ဆိုနေသော ရုပ်သေးရုပ်တို့ ။
လက်ခုပ်မတီးချင်နေပါ၊
မိစ္ဆာတွေပေးတဲ့ ဓားနဲ့ 
အာဇာနည် ကျောတွေကို မထိုးပါနဲ့ ။
သွေးနဲ့ ကြိုရေးထားတဲ့
မဖူးပွင့်သေးတဲ့ အိပ်မက်တွေကို
သင်တို့ ခွာတွေနဲ့ မဖျက်ပါနဲ့ ။
အမိန့် အရ ဆိုတဲ့ ဆင်ခြေဟာ
သည်းခံခြင်း ရေမှတ်ကိုတော့ကျော်နေပြီ။
ငြိမ်းချမ်းရေး ငှက်တွေကူးတဲ့ ဝတ်မှုန်ကြောင့်
သင်တို့ ရဲ့ ဥယျာဉ်မှာလည်း ပန်းတွေပွင့်မှာပါ။
ရေမြင့်ရင် ကြာလည်းမြင့်မှာပါ။
အဲဒီ့ အခါကျမှ သင်တို့ အိပ်မက်တွေကို ကြိုက်သလို စိန်စီကြ
အာဇာနည်တွေ အသစ်ဆောက်မယ့် မြို့ တော်မှာ
လမ်းတိုင်းကို ရွှေခင်းထားပါတယ်။
ကောင်းကင်ကို
Dear K3,
ReplyDeleteYour words are very beautiful. Being an amateur poet I rate grade 5 to your modern poems. Bravo!! Carry on.
Fantastic,
With Metta,
Aung-Zay-Yar
ကောင်းလိုက်တာဗျာ။ရေလည်ကြိုက်တယ်။
ReplyDeleteha.. wow great really wonderful words, i dont know how to mention to , how to say thanks to u regarding about the words အမှန်တရားရဲ့ ပါးစပ်ဆိုတာ
ReplyDeleteလက်ထိပ်ခတ်လို့ မရဘူး။ ကြက်တူရွေး နှုတ်ခမ်းများဖြင့်
နှုတ်တိုက်ရွတ်ဆိုနေသော ရုပ်သေးရုပ်တို့ ။
လက်ခုပ်မတီးချင်နေပါ၊
အမိန့် အရ ဆိုတဲ့ ဆင်ခြေဟာ
သည်းခံခြင်း ရေမှတ်ကိုတော့ကျော်နေပြီ။ အာဇာနည်တွေ အသစ်ဆောက်မယ့် မြို့ တော်မှာ
really great words
ReplyDeleteNyi Lay,
ReplyDeleteI like so much ငြိမ်းချမ်းရေး ငှက်တွေကူးတဲ့ ဝတ်မှုန်ကြောင့်
သင်တို့ ရဲ့ ဥယျာဉ်မှာလည်း ပန်းတွေပွင့်မှာပါ။
ရေမြင့်ရင် ကြာလည်းမြင့်မှာပါ။
အဲဒီ့ အခါကျမှ သင်တို့ အိပ်မက်တွေကို ကြိုက်သလို စိန်စီကြ
အာဇာနည်တွေ အသစ်ဆောက်မယ့် မြို့ တော်မှာ
လမ်းတိုင်းကို ရွှေခင်းထားပါတယ်။
This two paragraphs persuade and motivate to everyone.
it's the most beautiful poem i have ever read
ReplyDeleteရွှေခင်းတဲ့လမ်းကို
ReplyDeleteသွေးတွေနဲ့ အရင်ဖောက်နေရတာ
ခံစားတတ်တဲ့နှလုံးသားတိုင်း
ထိရှကြရတယ်။
တနေ့မှာတော့ ဒီလမ်းမှာ
အောင်ပန်းတွေဆွတ်ခူးကြဦးမှာပါ။
အကိုယုံကြည်သလို ညီမတို့လည်း
ယုံကြည်တယ်။
ဒီကဗျာလေးအတွက် ကျေးဇူးအကို။