Sunday, November 4, 2007

မနက်ဖန်သစ် အတွက်ကဗျာ

အားလုံးနိုးထကြ….
သွေးပျက်တစ္ဆေဟာ
အမှန်ကိုညွှန်တဲ့ လက်ညှိုးတွေကို ဖြတ်နေပြီ။
အာဏာကို ဟပ်ပြီးတော့
ပြည့်ရင်သွေးတွေကို သတ်နေပြီ။


သူတို့ ပစ်လိုက်တဲ့ သေနတ်ကျည်ဆံဟာ
စိတ်ဓာတ်ကိုတော့ မမှန်ပါဘူး။

တော်လှန်ရေး အပိုင်း (၂) ကိုစောင့်ကြည့်ကြ။
မေတ္တာငှက်တွေရဲ့ တေးဆိုသံဟာ
ဘယ်တော့မှ မရပ်ဘူး။

အားလုံး နားစွင့်ကြ
ခွပ်ဒေါင်းတွေရဲ့ ရင်ခုန်သံ music ကို။

အားလုံးစောင့်ကြည့်ကြ။
အာဏာတွေနဲ့ ချည်နှောင်ထားတဲ့ ကြိုးတဲတဲ တစ်ချောင်းဟာ
မကြာခင်မှာ ပြတ်ရမယ်။

အားလုံးစောင့်ကြည့်ကြ။
ငါတို့ သွေးတွေနဲ့ 
အခုပြန်မွေးမယ့် ကောင်းကင်မှာ
နေ အသစ်တစင်းထွက်ရမယ်။

ရန်သူ ခြေတလှမ်း လှမ်းလိုက်တိုင်း
ငါတို့ နှလုံးသားတွေ ဒိုင်းခနဲ မြည်ရမယ်။

အာလုံး နိုးထကြ။
သွေးပျက်တစ္ဆေဟာ
အမှန်ကိုညွှန်တဲ့ လက်ညှိုးတွေကို ဖြတ်နေပြီ
အာဏာကို ဟပ်ပြီးတော့
ပြည့်ရင်သွေးတွေကို သတ်နေပြီ။

ကောင်းကင်ကို

5 comments:

  1. Yes, We will walk on under sunshine of new sun soon. We must scarify our blood if necessary for our new generation. I love your poem.

    ReplyDelete
  2. ကဗျာလေးက ကောင်းလိုက်တာဗျာ ..။

    ReplyDelete
  3. ကောင်းတယ်...။ အသံသာတယ်။ အခုနောက်ပိုင်းကဗျာတွေ ဟစ်ဟော့ သီချင်းရေးဟန်နဲ့ ရေးလာကြတယ်..။ ဖတ်သူတွေရဲ့ရင်ထဲကို လျှောကနဲဝင်သွားတာပဲ...။

    ReplyDelete